ကိုယ်တိုင် နေမကောင်း ဖြစ်ပြီး ဖျားနာ နေသူတွေ နဲ့ ကျန်းမာရေး ဝန်ထမ်း တွေသာ မျက်နှာဖုံး ဝတ်ဆင်သင့်တယ်လို့ WHO က အကြံပြု ထားတာ အားလုံး သိပြီးသားပါ။
အခုတော့ ဒီအကြံပြုချက်ကို ပြောင်းသင့်ပြီလား ဆိုတာကို WHO အကြံပေး တွေက အစည်းအဝေး ထိုင်ပြီး သုံးသပ်နေကြပါပြီ။
အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေ ကလည်း မျက်နှာဖုံး ဝတ်ဆင် သင့်ပြီ ဆိုတဲ့ နည်းလမ်း ကို ပြည်သူတွေဆီကို အကြံပေးမလားဆိုတဲ့ အချက် ကို စဉ်းစားနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ လူတွေ အနေနဲ့ အချိန်တိုင်း မျက်နှာဖုံး ဝတ်ဆင် ထားသင့်တယ် ဆိုတဲ့ တောင်းဆိုမှုတွေက ပိုမို ကျယ်ပြန့်လာခဲ့တာပါ။
လေ့လာမှု တွေမှာတော့ အသံတိတ် ရောဂါပိုး သယ်ဆောင်မှု ရှိနေတယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ကွဲပြားတဲ့ အယူအဆ တချို့လည်း ရှိနေပြီး မျက်နှာဖုံးကို နာမကျန်း ဖြစ်နေသူ တွေသာ ဝတ်သင့်တယ် ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။
ဗိုင်းရပ်စ် ကူးစက်ခံရသူမှာ ရောဂါကူးစက်မှုလက္ခဏာတွေ မပြခင် ကတည်း က ဗိုင်းရပ်စ် ပျံ့နှံ့မှု ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်း အထိ ရှိတယ်လို့ ဟောင်ကောင် တက္ကသိုလ် က ကူးစက်ရောဂါ ပျံ့ပွားခြင်း နဲ့ ကာကွယ်ရေး ဆိုင်ရာ ပညာရှင် ဘင်ဂျမင် ကောလင်း က ဆိုထားပါတယ်။
အာရှ နိုင်ငံတွေမှာတော့ လူတိုင်းနီးပါး မျက်နှာဖုံး တပ် ထားကို နေ့စဉ် မြင်တွေ့ရမှာပါ။
ချက် ပြည်ထောင်စု သမ္မတ နိုင်ငံနဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေ မှာတော့ အပြင်ထွက်ရင် မျက်နှာဖုံး မတပ်မနေရ သတ်မှတ် ထားပါတယ်။
မကြာခင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက WHO သတ်မှတ်လာခဲ့ရင်တော့ ကျန်တဲ့ နိုင်ငံတွေမှာလည်း ဒီလို သတ်မှတ်ချက်မျိုး ချမှတ်တာတွေ ရှိလာ နိုင်ပါတယ်။