ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်းတိုင်းထဲက ညောင်ပင်ကြီးရွာ မီးရှို့ခံရ
ရေးသားခဲ့သည်။
စစ်ကောင်စီ ရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှာ မီးရှို့ခံရတာတွေ ဆက်ရှိနေသလို ဘူဒိုဇာနဲ့လမ်းတွေ ဖျက်ဆီးတာတွေရှိနေပါတယ်။ ကန့်ဘလူမြို့နယ်အတွင်းမှာလည်း စစ်ကြောင်း ၂ ကြောင်း ရှိနေတာကြောင့် စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် ထွက်ပြေးနေကြရပါတယ်။ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးနဲ့ ကန့်ဘလူမြို့နယ် က အခြေအနေတွေကို မညိုလဲ့ရည်စုစည်းပြောပြပါမယ်။