စစ်ကိုင်းတိုင်းထဲက ညောင်ပင်ကြီးရွာ မီးရှို့ခံရ

ဗီဒီယို ပုံစာ, စစ်ကိုင်းတိုင်းထဲက ညောင်ပင်ကြီးရွာ မီးရှို့ခံရ
ရေးသားခဲ့သည်။

စစ်ကောင်စီ ရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် ‌စစ်ကြောင်းထိုးခံနေရတဲ့ စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှာ မီးရှို့ခံရတာတွေ ဆက်ရှိနေသလို ဘူဒိုဇာနဲ့လမ်းတွေ ဖျက်ဆီးတာတွေရှိနေပါတယ်။ ကန့်ဘလူမြို့နယ်အတွင်းမှာလည်း စစ်ကြောင်း ၂ ကြောင်း ရှိနေတာကြောင့် စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် ထွက်ပြေးနေကြရပါတယ်။ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးနဲ့ ကန့်ဘလူမြို့နယ် က အခြေအနေတွေကို မညိုလဲ့ရည်စုစည်းပြောပြပါမယ်။