ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
ရေးသားခဲ့သည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ဖွဲ့စည်းပြီး နိုင်ငံရေးစနစ်သစ်ကို အသွင်ကူးပြောင်း သွားနိုင်အောင် ကြိုးစားသွားမယ်လို့ ဒီကနေ့မှာပဲ သတင်းထုတ်ပြန်လာပါတယ်။ NUG အစိုးရကလည်း အခုလို အုပ်ချုပ်ရေးကောင်စီ ပေါ်လာတာကို ဝမ်းမြောက်ကြောင်းဆိုထားပြီး ဒါဟာ အခြားတိုင်းဒေသတွေအတွက် စံနမူနာဖြစ်တယ်လို့ ပြောပါတယ်။ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ လည်ပတ်မယ့်လုပ်ငန်းစဥ်နဲ့ ကောင်စီရဲ့ဦးဆောင်မှုအောက်မှာ စစ်ရေးမြှင့်တင်ဖို့ရှိနေတဲ့ အကြောင်းအပါအဝင် ကရင်နီပြည်နယ်ထဲက နောက်ဆုံးရ စစ်ရေး အခြေအနေကို ကိုဝေဖြိုး စုစည်းပြောမှာပါ။