မိုခါကြောင့် ပျက်စီးမှုကြီးမားတဲ့ ရခိုင်မြောက်ပိုင်း အခြေအနေ
ရေးသားခဲ့သည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် အပါအဝင် မြို့နယ် ၈ ခုလုံးမှာ အပျက်အစီးအဆုံးအရှုံးများခဲ့ပါတယ်။ အဲဒီထဲမှာမှ မုန်တိုင်းက လမ်းကြောင်းတည့်တည့်ကို ကျခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်အဝ မယူကမ်း ဒေသလို့အများခေါ်ကြတဲ့နေရာက ကျေးရွာပေါင်း ၁၀ ရွာ ကျော်မှာအပျက်အစီးအများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာ မုန်တိုင်းဘေးဒဏ် ကူညီထောက်ပံ့ရေး လုပ်ဆောင်နေမှု အခြေအနေကို ကိုဟိန်းကိုစိုးက ပြောပြပေးမှာပါ။