မကွေး ပအဖ ရုံး လေကြောင်းတိုက်ခိုက်ခံရ
ရေးသားခဲ့သည်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ် မြောက်ပိုင်းက ပြည်သူ့ အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုံးဝန်ထမ်း ၃ယောက် သေဆုံးခဲ့ရသလို၊ နောက်ထပ် လူ ၁၂ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီမှာ လေကြောင်းတိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီ တပ်တွေက မြေပြင် စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်နေပါတယ်။ တခါ ရေစကြိုမြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေဘက်က ပြန်လည် တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြလို့ သိရပါတယ်။ မကွေးတိုင်းထဲက စစ်ရေးအခြေအနေကို ကိုဘိုဘိုက ပြောပြပေးမှာပါ။