NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်း
ရေးသားခဲ့သည်။
မတ်လ ၂၈ ရက်နေ့ဟာ စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ တည်ဆဲပါတီတွေ မှတ်ပုံပြန်တင်ရတဲ့ နောက်ဆုံး နေ့ရက်ဖြစ်ပါတယ်။
နောက်ဆုံးသတင်းတွေအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ဟာ မှတ်ပုံတင်ခြင်း မရှိတဲ့ အတွက် ဖျက်သိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအောက် မှာ ပါတီ ဘယ်နှစ်ခုလောက်မှတ်ပုံပြန်တင်ခဲ့ကြပါသလဲ။ ကိုဝေဖြိုးက ပြောပြပေးထားပါတယ်။