ကရင်လေးကေ့ကော် တိုက်ပွဲ သောင်ရင်းမြစ်မှာ စစ်တိမ်းရှောင်နေရ
ရေးသားခဲ့သည်။
ကရင်ပြည်နယ်ထဲက လေးကေ့ကော် စစ်ဘေးရှောင် စခန်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေအကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်တွေဟာ သောင်ရင်းမြစ်ဘေးကို အရေးပေါ် ရှောင်တိမ်းခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂နှစ်ကျော်အတွင်း ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်သုံးရာကျော် လုပ်ဆောင်ခဲ့ကြောင်း KNU ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီက စစ်ရေး အခြေအနေတွေကို ကိုဝေဖြိုးက ပြောပြပေးမှာပါ။