တူရကီအစိုးရရဲ့ တုံ့ပြန်မှုကို ဝေဖန်တာမှုတွေရှိနေ
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ တနင်္လာနေ့က တူရကီနဲ့ ဆီးရီးယားမှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ တစ်သောင်း ကိုးထောင် ကျော်သွားပြီလို့ သိရပါတယ်။
သေဆုံးမှု ဒုတိယလှိုင်းဖြစ်လာနိုင်ဖွယ်ရှိတာကို ကယ်ဆယ်ရေးအေဂျင်စီတွေ စိုးရိမ်နေကြပါတယ်။
တူရကီအစိုးရရဲ့ တုံ့ပြန်မှုကို ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ သမ္မတ အာဒိုဝမ်က ဒီလောက်အတိုင်းအတာနဲ့ ဖြစ်တဲ့ ဘေးဒုက္ခအတွက် ပြင်ဆင်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
ဘီဘီစီ အရှေ့အလယ်ပိုင်းရေးရာ သတင်းထောက် Anna Foster ပေးပို့လာတဲ့ သတင်းကို မသီဒါနွယ် ပြောပြပါမယ်။
ဒီသတင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါဝင်နိုင်ကြောင်းကိုတော့ ကြိုတင်အသိပေးပါရစေ။