စစ်ခေါင်းဆောင်မိသားစုနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေ သိမ်းမိခဲ့တယ်လို့ JFM ဆို

ဗီဒီယို ပုံစာ, စစ်ခေါင်းဆောင်မိသားစုနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေ သိမ်းမိခဲ့တယ်လို့ JFM ဆို
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံထဲမှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး လုပ်ငန်း စီးနင်းဖမ်းဆီးမှုတစ်ခုမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရမိခဲ့တယ် ဆိုတဲ့ အချက် ပေါ်ထွက်လာပါတယ်။

တန်ဖိုးကြီးကွန်ဒိုတိုက်ခန်းတစ်ခုကို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား ပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့ စစ်ခေါင်းဆောင် သမီး ဖြစ်သူရဲ့ ဘဏ်စာအုပ်တို့ကိုပါ တပါတည်းတွေ့ရှိခဲ့တာလို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

အကြောင်းစုံကို ကိုဝေဖြိုး ပြောပြထားပါတယ်။