ယူကရိန်းနိုင်ငံ ဒွန်းဘတ်စ် ရှေ့တန်းစစ်မျက်နှာမှာရောက်နေ

ဗီဒီယို ပုံစာ, ယူကရိန်းနိုင်ငံ ဒွန်းဘတ်စ် ရှေ့တန်းစစ်မျက်နှာမှာရောက်နေ
ရေးသားခဲ့သည်။

သမ္မတပူတင်က ရုရှားက သိမ်းပိုက်ထားတဲ့ ယူကရိန်းက နယ်မြေလေးခုမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။

ဒီအမိန့်အရ အဲဒီဒေသတွေမှာ ရုရှားခန့်ထားတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ လုပ်ပိုင်ခွင့်အာဏာတွေ ပိုရသွားစေပါတယ်။

စစ်ပွဲစတင်ကတည်းက ရုရှား သိမ်းပိုက်ထားတဲ့ အရေးပါတဲ့ Kherson မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက ပိုမို ချဉ်းကပ်လာချိန်မှာ ရုရှားအရာရှိတွေက အရပ်သားတွေကို မြို့ထဲကနေ ပြောင်းရွှေ့ဖို့ စတင်လုပ်ဆောင်ခဲ့ ပါတယ်။

မော်စကိုရဲ့ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ဆင်ရေးကို တာဝန်ယူနေတဲ့ ရုရှားဗိုလ်ချုပ်က သူ့တပ်ဖွဲ့တွေဟာ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဘီဘီစီ ကာကွယ်ရေးသတင်းထောက် Jonathan Beale နဲ့ ရိုက်ကူးရေးသမား Lee Durrant တို့ ရှေ့တန်းကနေ ပေးပို့တဲ့ သတင်းကို ကိုဘိုဘိုပြောပြပါမယ်။