ရုရှား နိုင်ငံသား အများအပြား နိုင်ငံတွင်းက ထွက်ခွာနေ
ရေးသားခဲ့သည်။
ယူကရိန်း စစ်ပွဲအတွက် အရန်စစ်အင်အား ၃သိန်းအထိ တိုးချဲ့သွားမယ် ဆိုပြီး သမ္မတ ဗလာဒီမီယာ ပူတင်က ပြောကြားခဲ့ပြီးနောက်မှာ ရုရှား နိုင်ငံသား အများအပြားဟာ နိုင်ငံတွင်းကနေ ထွက်ခွာနေကြပါတယ်။
ရုရှား ကနေ ဆားဘီးယားကို သွားတဲ့ လေကြောင်းလိုင်းက လေယာဥ် လက်မှတ်တွေကို ဝယ်ယူလို့ မရနိုင်တော့သလို၊ နယ်စပ်တွေမှာလည်း လူအများအပြားဟာ နိုင်ငံတွင်းကနေ ထွက်ခွာဖို့ ကြိုးစားနေကြပါတယ်။ ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘက်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။