မြန်မာ အလှမယ် ဟန်လေး ထိုင်းမှာပဲ ဆက်ရှိနေ

ဗီဒီယို ပုံစာ, မြန်မာ အလှမယ် ဟန်လေး ထိုင်းမှာပဲ ဆက်ရှိနေ
ရေးသားခဲ့သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အလှမယ် ဟန်လေးကို ထိုင်းအာဏာပိုင် တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ အနီရောင်စာရင်း Red Notice မှာပါရှိလို့ဆိုပြီး ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အင်တာပိုရုံးချုပ်ကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ အလှမယ်ဟန်လေးဟာ အဲဒီစာရင်းထဲမှာ မပါဘူးလို့ တရားဝင်တုံ့ပြန်လာပါတယ်။

ဒီလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးကို လေဆိပ်မှာဖမ်းဆီးတဲ့ဖြစ်စဉ်ဟာ ထိုင်းနိုင်ငံတွင်း နိုင်ငံရေး အရ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိပါသလဲ။ အကြောင်းစုံကို မရီရီအောင်က ပြောပြပေးထားပါတယ်။