ရုရှား သိမ်းပိုက်ခံ ယူကရိန်းမြို့မှာ အလောင်းအများအပြားတွေ့

ဗီဒီယို ပုံစာ, ရုရှား သိမ်းပိုက်ခံ ယူကရိန်းမြို့မှာ အလောင်းအများအပြားတွေ့
ရေးသားခဲ့သည်။

ရုရှားတွေ လက်ထဲကနေ ပြန်လည် သိမ်းယူခဲ့တဲ့ အစ်ဇွမ်းစ် မြို့မှာ လူအများအပြား ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယူကရိန်းတပ်တွေ ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ မြို့မှာ လူ၄၀၀ကျော်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီရုပ်အလောင်းတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကုလသမဂ္ဂကလည်း စစ်ဆေးရေး အဖွဲ့စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။ ဘီဘီစီ ရဲ့ အကြီးတန်း နိုင်ငံတကာ သတင်းထောက် အိုလာ ဂူရင်ပေးပို့ လိုက်တဲ့ သတင်းကို မသီဒါနွယ်ကပြောပြပေးမှာပါ။