သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၅ နှစ် ပြည့်

ဗီဒီယို ပုံစာ, သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၅ နှစ် ပြည့်
ရေးသားခဲ့သည်။

စစ်တပ်ရဲ့ နှိမ်နင်းမှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရတာ ၅ နှစ် ပြည့်ပါပြီ။ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေ အပြီး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၅ နှစ် ပြည့်ပါပြီ။

ဒီကနေ့ကို လူမျိုးတုံးသတ်ဖြတ်မှု အမှတ်တရနေ့ လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

စာတန်း ကိုင်ဆောင်ပြီး ကြွေးကျော်သံတွေ အော်ဟစ်ရင်း ရခိုင်ပြည်နယ်က သူတို့ရဲ့ နေအိမ်တွေဆီ ဘေးကင်းကင်း ပြန်နိုင်ရေးကို တောင်းဆိုခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် လာရောက်နေထိုင်သူတွေအဖြစ် မြန်မာနိုင်ငံက သဘောထားပါတယ်။ ဒါ့အပြင် နိုင်ငံသား ဖြစ်ခွင့်နဲ့ တခြား အခွင့်အရေးတွေလည်း ငြင်းပယ်ခံထားရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့က သူတို့နိုင်ငံတွေမှာရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာ နိုင်ငံ ပြန်ပို့ချင်ကြပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာရယူထားတဲ့ကာလမှာ ဒါက မဖြစ်နိုင်သေးပါဘူး။

ဘီဘီစီ တောင်အာရှရေးရာသတင်းထောက် ရာဂျီနီ ဗိုင်ဒီယာနားသန် ရဲ့ သတင်းကို မသီဒါနွယ် ပြောပြပေးပါမယ်။