မကွေးတိုင်း ငတရော်ကျေးရွာကို စစ်ကောင်စီ မီးရှို့

ဗီဒီယို ပုံစာ, မကွေးတိုင်း ငတရော်ကျေးရွာကို စစ်ကောင်စီ မီးရှို့
ရေးသားခဲ့သည်။

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ငတရော်ရွာကို စစ်ကောင်စီတပ်တွေက မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက် မီးရှို့နေတဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

မီးလောင်နေတဲ့ရွာထဲမှာ ပိတ်မိနေတဲ့ ရွာသားတွေလည်း ရှိနေတဲ့အတွက် ကယ်ဆယ်ဖို့ လုပ်နေတယ်လို့သိရပါတယ်။ အဲဒီဘက်က အခြေအနေတွေကို မညိုလဲ့ရည်ပြောပြထားပါတယ်။