စစ်ကိုင်းဒေသ ဖြတ်လေးဖြတ် စစ်ဆင်ခံနေရ
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေက ရွာကြီးတွေနဲ့ ဒေသခံတွေ အားထားနေရတဲ့ စျေးကြီးတွေကို စစ်ကောင်စီ ဘက်က သြဂုတ်လဆန်းပိုင်းက စပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေပါတယ်။
တခါ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ယင်းမာပင် မြို့နယ်က ရင်ပေါင်တိုင် ကျေးရွာကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းခဲ့လို့ ဒေသကာကွယ်ရေး တပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီ အနေနဲ့ အဲဒီဒေသမှာ ဖြတ်လေးဖြတ် စစ်ဆင်ရေး လုပ်ဆောင်နေတာ ဆိုပြီးတော့လည်း ဒေသခံတွေက ပြောကြပါတယ်။ မနှင်းမိုက အခုလို သတင်းပေး ပို့ထားပါတယ်။