ပြင်းထန်တဲ့ ရာသီဥတုနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပ

ဗီဒီယို ပုံစာ, ပြင်းထန်တဲ့ ရာသီဥတုနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပ
ရေးသားခဲ့သည်။

ပြင်သစ် နိုင်ငံတောင်ပိုင်း ဂျီရွန်းဒေသမှာ တောမီးလောင်ကျွမ်းမှု ပြင်းထန်နေတာကြောင့် ဥရောပနိုင်ငံ ၇ နိုင်ငံက မီးသတ်သမားတွေကို စေလွှတ်ပြီး မီးငြိမ်းသတ်ဖို့ ကြိုးစားနေရပါတယ်။ အီတလီ၊ ဂရိစ်နဲ့ ဆွီဒင်နိုင်ငံတွေကလည်း မီးငြိမ်းသတ်ရေး လေယာဥ်တွေစေလွှတ်ပြီး အကူအညီပေးနေကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက လောင်ကျွမ်းခဲ့တဲ့ တောမီးထက် အခုတောမီးလောင်ကျွမ်းမှုဟာ လျင်လျင်မြန်မြန် ကူးစက်နေပါတယ်။ ဥရောပမှာ စံချိန်တင် အပူချိန်မြင့်တက်မှုတွေကြောင့် တောမီးလောင်ကျွမ်းမှု၊ မိုးခေါင်ရေရှားမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ရာသီဥတုဖောက်ပြန်မှုကြောင့် အနာဂတ်ကာလမှာ စံချိန်တင် အပူချိန်မြင့်တက်မှုတွေကို ဥရောပတိုက်မှာ ဆက်လက်မြင်တွေ့နေရဦးမယ်လို့ ကုလသမဂ္ဂ က သတိပေးထားပါတယ်။ ဒါကြောင့် ကမ္ဘာ့ရာသီဥတုပြုပြင်ပြောင်းလဲဖို့အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။ မသီဒါနွယ်က ပြောပြပေးမှာပါ။