လပေါင်းများစွာအတွင်း ပထမဆုံး အကြိမ် သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်းဆွေးနွေး
ရေးသားခဲ့သည်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ တိုင်ဝမ်ကို သွားရောက်ဖို့ စီစဉ်နေတယ်ဆိုတာက သမ္မတ ဂျိုးဘိုင်ဒန် အုပ်ချုပ်ရေးအဖွဲ့ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ ကိစ္စတခုဖြစ်ပါတယ်။
ဒီခရီးစဉ်က တရုတ်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်သွားနိုင်တဲ့အတွက် အကျိုးဆက်အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
ဒီအခြေအနေတွေကြားမှာ သမ္မတ ဘိုင်ဒန်က လပေါင်းများစွာအတွင်း ပထမဆုံး အကြိမ် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။
ကိုမိုးမြင့်ပြောပြပေးပါမယ်။