အာဖဂန်က ဗြိတိသျှ အထူးတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှု
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန်မှာ စစ်ဆင်ရေး လုပ်ခဲ့ကြတဲ့ ဗြိတိသျှ SAS အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့ ဖမ်းဆီးထားသူတချို့နဲ့ လက်နက်ကိုင်ဆိုင်ထားခြင်း မရှိတဲ့ အရပ်သားတချို့ကို သတ်ဖြတ် ခဲ့တာကို ဘီဘီစီက စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဗြိတိသျှ အထူးတပ်ဖွဲ့ဝင်တွေဟာ သံသယဖြစ်ဖွယ် အခြေအနေမှာ လူပေါင်း ၄၄ယောက်ကို သတ်ဖြတ်ခဲ့တာကို ဘီဘီစီ သတင်းမြင်ကွင်း အစီအစဉ်က ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးတပ်ဖွဲ့ရဲ့ ထိပ်တန်း အရာရှိတွေဟာလည်း သတ်ဖြတ်မှုတွေကို အစီရင်ခံတင်ပြဖို့ ပျက်ကွက်ခဲ့ပြီး၊ စစ်ရဲ တပ်ဖွဲ့ထံကို သက်သေ အထောက်အထား တွေ ပေးပို့ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။
ကိုရင်မောင်က ဆက်ပြောပြပေးမှာပါ။