သီရိလင်္ကာ စီးပွားရေး အကျပ်အတည်း ဘယ်အခြေစိုက်မလဲ
ရေးသားခဲ့သည်။
သီရိလင်္ကာ သမ္မတ ဂိုတာဘယား ရာဂျာပက်ဆားဟာ မနေ့က သမ္မတ ရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့ပြီးနောက် ရာဂျာပက်ဆား မိသားစုရဲ့ နိုင်ငံရေး လွှမ်းမိုးမှု အဆုံးသတ်သွားခဲ့ပါပြီ။
ရာဂျာပက်ဆား မိသားစုရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ၊ အကျင့်ပျက်ချစားမှုတွေကြောင့် စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
လောလောဆယ်မှာတော့ ကြားဖြတ်အစိုးရ အနေနဲ့ စီးပွားရေး ပြန်ဉီးမော့လာဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းရမှာပါ။ ဘီဘီစီ သတင်းထောက် အာချာနာ ရှူကလာ ကိုလံဘို မြို့ကနေ ပေးပို့လိုက်တဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။