ရုရှား နိုင်ငံက အထင်ရှားဆုံး နိုင်ငံရေး လုပ်ကြံမှုကြီး အဖြစ်ရှိနေဆဲ

ဗီဒီယို ပုံစာ, ရုရှား နိုင်ငံက အထင်ရှားဆုံး နိုင်ငံရေး လုပ်ကြံမှုကြီး အဖြစ်ရှိနေဆဲ
ရေးသားခဲ့သည်။

ရုရှားသမ္မတဖြစ်လာနိုင်ခြေရှိသူလို့ တချိန်တခါတုန်းက တစ်ပြေးခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးသမား ဘောရစ် နမ့်ဆော့ဗ် တစ်ယောက် ၂၀၁၅ ခုနှစ်က မော်စကိုမြို့လယ်ခေါင်က တံတားတခုပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သူ့ကို သတ်ဖြတ်မှုဟာ မစ္စတာ ပူတင်ရဲ့ ရုရှား နိုင်ငံမှာ အထင်ရှားဆုံး နိုင်ငံရေး လုပ်ကြံမှုကြီး အဖြစ်ရှိနေတုန်းပါ။

အဲဒီတုန်းက ပစ်ခတ်မှုနဲ့ပတ်သက်လို့ အမျိုးသား ငါးယောက်ကို ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်သူက အမိန့်ပေးခဲ့သလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။

အခုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ပိုသိလာနိုင်တဲ့ အထောက်အထား တချို့ကို Bellingcat, The Insider နဲ့ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်တို့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ကိုထွေး ပြောပြပေးပါမယ်။