မာရီယူပိုးလ်မြို့ခံတွေ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ

ဗီဒီယို ပုံစာ, မာရီယူပိုးလ်မြို့ခံတွေ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ
ရေးသားခဲ့သည်။

ယူကရိန်းက လက်နက်တွေ စွန့်မယ် ဆိုရင် တိုက်ခိုက်ရေးသမားတွေနဲ အရပ်သားတွေကို ဘေးကင်းကင်းထွက်ခွာနိုင်အောင်လမ်းကြောင့်ဖွင့်ပေးမယ်လို့ ရုရှားက ကမ်းလှမ်းပါတယ်။

ဒါပေမဲ့ ယူကရိန်းအစိုးရက သူ့စစ်သားတွေ လက်နက်ချမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောပါတယ်။

ဒီမြို့ကို ရုရှားစစ်သားတွေက ပိတ်ဆို့ထားတာပါ။

တချို့က ဇာပေါ်ရီးရှား Zaporizhzhia ကို ထွက်ပြေးခဲ့ကြပါတယ်။

ဒါပေမဲ့ လူသုံးသိန်းလောက်က ဆက်ပိတ်မိနေပါသေးတယ်။ စားစရာနဲ့ ဆေးဝါး အထောက်အပံ့တွေလည်း နည်းလာနေပါတယ်။

ဘီဘီစီ သတင်းထောက် Wyre Davies ပေးပို့တဲ့ သတင်းကို ကိုထွေး ပြောပြပေးပါမယ်။