ဆေးရုံတွေမနိုင်တော့ဘဲ သီးခြားခွဲထားစရာနေရာမရှိတော့ဘူးလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးပြော

ဗီဒီယို ပုံစာ, ဆေးရုံတွေမနိုင်တော့ဘဲ သီးခြားခွဲထားစရာနေရာမရှိတော့ဘူးလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးပြော
ရေးသားခဲ့သည်။

ဟောင်ကောင်မှာ ကိုဗစ်ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ လိုအပ်တာတွေ အားလုံး လုပ်ဖို့ တရုတ် သမ္မတ ရှီကျင်းပင် က ဟောင်ကောင်ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကိုဗစ်ကူးစက်သူ လေးထောင်ကျော်ရှိပြီး စံချိန်သစ်တင်တဲ့အထိ များပြားခဲ့ပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဆေးရုံတွေမနိုင်တော့ဘဲ ကူးစက်သူတွေကို သီးသန့် ခွဲခြားထားစရာနေရာမရှိတော့ဘူးလို့ ပြောပါတယ်။

ဘီဘီစီ သတင်းထောက် ဂျိုးရောဘင်ဆန် ရဲ့ သတင်းကို ကိုမင်းထက် ပြောပြပေးပါမယ်။