ရုရှားက ကျူးကျော်ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေရှိနေသေးတယ်လို့ သမ္မတ ဘိုင်ဒန် ပြောထား

ဗီဒီယို ပုံစာ, ရုရှားက ကျူးကျော်ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေရှိနေသေးတယ်လို့ သမ္မတ ဘိုင်ဒန် ပြောထား
ရေးသားခဲ့သည်။

နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် ယန် စတိုလ်တန်ဘာ့ဂ်က ယူကရိန်းနယ်စပ်နားမှာချထားတဲ့တပ်ဖွဲ့တွေကို ရုရှားက ပြန်ဆုတ်နေတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ ပြောပါတယ်။

ခရိုင်းမီးယားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးနောက် တချို့ တပ်ဖွဲ့တွေက သူတို့ အခြေစိုက်စခန်းတွေဆီပြန်သွားကြပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပြီး မကြာခင် သူက ပြောလိုက်တာပါ။

ရုရှားက ကျူးကျော်ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေ အထင်အရှားရှိနေသေးတယ်လို့ စောစောပိုင်းက သမ္မတ ဘိုင်ဒန်က သတိပေးထားပါတယ်။

မော်စကိုမြို့တော်က ဘီဘီစီ သတင်းထောက် စတိဗ် ရိုဆန်ဘာ့ဂ်ရဲ့ သတင်းလွှာကို ကိုရင်မောင်ပြောပြပေးပါမယ်။