ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဌာန ၆ ခု အထိ ပိတ်ထား

ဗီဒီယို ပုံစာ, ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဌာန ၆ ခု အထိ ပိတ်ထား
ရေးသားခဲ့သည်။

ရန်ကုန်က အစိုးရဆေးရုံကြီး တချို့မှာ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ် ကူးစက်ခံနေရတာ ကြောင့် ရက်အနည်းငယ်ပိတ်ထားတယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဌာန ၆ ခု အထိ ခေတ္တပိတ်ထားရပါတယ်။

တချိန်တည်းမှာ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်လာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေကြပါတယ်။

ဆေးရုံတွေ ပိတ်ထားတော့ ကိုဗစ်ရော၊ ကိုဗစ်မဟုတ်တဲ့ တခြား ဝေဒနာရှင်တွေအတွက် ကုသရေးအစီအစဉ်တွေ ဘယ်လိုရှိနေပါသလဲ။

မနှင်းမိုက စုစည်းပြောပါမယ်။