ရန်ကုန်တိုင်းမှာ သေဆုံးသူတွေ များနေတယ်လို့ နာရေးကူညီမှု အသင်းတွေပြော
ရေးသားခဲ့သည်။
ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ တစ်ရက်အတွင်း ကိုဗစ်ကူးစက်သူ လေးထောင့်တစ်ရာကျော် နဲ့ သေဆုံးသူ ၁၆၅ ဦး စံချိန်တင်အများဆုံး တွေ့ရပါတယ်။
ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားမှု များလာတာနဲ့အတူ ရန်ကုန်တိုင်း အတွင်းမှာ သေဆုံးသူတွေ များနေတယ်လို့နာရေးကူညီမှု အသင်းကတာဝန်ရှိသူတွေက ပြောကြပါတယ်။
သေဆုံးသူတွေများလာလို့ ရန်ကုန်တိုင်းမှာဆို မြို့နယ်အလိုက် သုသာန်တွေခွဲပြီး သဂြိုလ်ဖို့သက်ဆိုင်ရာက ညွန်ကြားလာပါတယ်။
ရန်ကုန်မြို့က အခြေအနေကို ဘီဘီစီသတင်းထောက် ကိုအောင်သူရ က ပြောပြပေးမှာပါ။