ပြည်သူတွေနဲ့ ပထမဆုံးပူးပေါင်းခဲ့တဲ့ရဲတွေနဲ့ ဘီဘီစီ မေးမြန်းခွင့်ရ

ဗီဒီယို ပုံစာ, ပြည်သူတွေနဲ့ ပထမဆုံးပူးပေါင်းခဲ့တဲ့ရဲတွေနဲ့ ဘီဘီစီ မေးမြန်းခွင့်ရ
ရေးသားခဲ့သည်။

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေ လနဲ့ချီ ကြာပြီးတဲ့နောက် တချို့ဆန္ဒပြသမားတွေက ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်နိုင်ဖို့ လက်နက်ကိုင် တိုက်ပွဲဝင် နေကြပါပြီ။

လူထုအုံကြွမှုကြီးတွေကို နှိမ်နိင်းဖို့ တာဝန်ပေးခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း အခုတော့ ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတာ ဆုံးဖြတ်ဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်သူတွေနဲ့အတူ ပထမဆုံး ပူးပေါင်းခဲ့ပြီး လက်ရှိမှာ ထွက်ပြေးပုန်းရှောင်နေရတဲ့ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ဘီဘီစီက ရှားရှားပါးပါး တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။

ဘီဘီစီ အာရှရေးရာ အယ်ဒီတာ Rebecca Henschke ရဲ့ သတင်းလွှာကို ကိုကျော်ဇေယျက ပြန်ပြောပြပေးပါမယ်။