အသက်ဆုံးရှုံးမှုတွေကြောင့် လက်နက်တွေနဲ့ ပစ်ခတ်တာရပ်ဖို့ပြော

ဗီဒီယို ပုံစာ, အသက်ဆုံးရှုံးမှုတွေကြောင့် လက်နက်တွေနဲ့ ပစ်ခတ်တာရပ်ဖို့ပြော
ရေးသားခဲ့သည်။

သဘာ၀တရားရိပ်သာ ဆရာတော် အရှင် ဥတ္တမသာရ က ထာဝရ လွတ်လပ် ငြိမ်းချမ်းရေး စာတမ်းလို့ ခေါင်းစဉ် တပ်ထားတဲ့ ပန်ကြားလွှာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ မတ်လ ၁၉ ရက်စွဲနဲ့ပေးပို့ခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ လူကြီးတွေရော လူငယ်တွေပါ အသက်ဆုံးရှုံးနေရတဲ့အတွက် လက်နက်တွေနဲ့ ပစ်ခတ်တာကို အမြန်ဆုံးရပ်တန့်ဖို့ မေတ္တာရပ်ခံပါတယ် လို့ ဆရာတော်က ရေးထားပါတယ်။

တိုက်တွန်းထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ သဘာ၀တရားရိပ်သာ ဆရာတော် အရှင် ဥတ္တမသာရကို မစန္ဒာဝင်း လျှောက်ထားမေးမြန်းထားပါတယ်။