စစ်အုပ်ချုပ်ရေးအောက်က ပြည်သူတွေရဲ့ ဒုက္ခ
ရေးသားခဲ့သည်။
အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း မြို့နယ် ခြောက်မြို့နယ်မှာ မာရှယ်လော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက် ပစ်ခတ်နှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။
လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်မှာ မတ်လ ၁၄ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာမြို့နယ်မှာ မတ်လ ၁၅ ရက်နေ့က ထပ်တိုးကြညာခဲ့တာပါ။
အဲဒီလို စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ နေရတဲ့ ပြည်သူတွေရဲ့ နေ့စဉ် နေထိုင်ရတဲ့ လူမှု ဘဝ အခြေအနေတွေက ဘယ်လိုရှိ နေပါသလဲ၊ တောင်ဒဂုံ မြို့နယ်က အလွတ်ပညာသင် ဆရာမတစ်ယောက်က ဘီဘီစီကို ပြောပြထားပါတယ်။