မြန်မာ့ သတင်းလွတ်လပ်ခွင့် အနေအထား ဘယ်လိုလဲ

ဗီဒီယို ပုံစာ, မြန်မာ့ သတင်းလွတ်လပ်ခွင့် အနေအထား ဘယ်လိုလဲ
ရေးသားခဲ့သည်။

တပ်မတော်က အာဏာရယူပြီး တစ်လကျော်အကြာ မတ် ၈ ရက်နေ့က ဆဲဗင်းဒေး၊ ဒီဗီဘီ၊ မဇ္ဇျိမ၊ မြန်မာနောင်းနဲ့ ခေတ်သစ် မီဒီယာ စတဲ့ သတင်းဌာန ၅ ခုကို ထုတ်ဝေခွင့် လိုင်စင်တွေ ရုပ်သိမ်းလိုက်ပါတယ်။

သတင်းမီဒီယာ သမားတွေကိုလည်း အဖမ်းအဆီးတွေလုပ်ခဲ့ပြီး အခုချိန်ထိ အဖမ်းခံထားရတဲ့သတင်းသမားတွေ ရှိနေတုန်းပါ။

လက်ရှိအခြေအနေမှာ မြန်မာ့ သတင်းလွတ်လပ်ခွင့် အနေအထားက ဘယ်လို ရှိပါသလဲ။

လိုင်စင်သိမ်းခံရတဲ့ အထဲမှာ ပါတဲ့ ဒီဗီဘီ မီဒီယာရဲ့ ဒါရိုက်တာ အဖွဲ့ဝင် ဦးတိုးဇော်လတ်က အခုလို သုံးသပ်ပါတယ်။