အင်အားသုံးဖြိုခွင်းမှုတွေရှိတဲ့ကြားက နည်းမျိုးစုံနဲ့ ဆန္ဒပြ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ Civil Disobedience Movement စီဒီအမ်လှုပ်ရှားမှုကို ဝန်ထမ်းတွေ ဆက်လက်လုပ်ဆောင် နေသလို နိုင်ငံတဝန်း လမ်းပေါ်ထွက်ပြီးတော့လည်း နည်းမျိုးစုံနဲ့ ဆန္ဒပြနေကြပါတယ်။
လက်နက်မဲ့ ပြည်သူတွေရဲ့ ဒီဆန္ဒပြမှုတွေကို လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ကိုင်တွယ်ဖြေရှင်းလို့ သွေးစွန်းရတဲ့ ရက်တွေ ရှိခဲ့ပေမဲ့ လမ်းပေါ်က ဆန္ဒပြပွဲတွေက ရပ်တန့်မသွားပါဘူး။
ဒီကနေ့ ဆန္ဒပြမှု တွေကို အာဏာသိမ်း စစ်တပ်ဘက်က ကိုင်တွယ်ဖြေရှင်းနေတဲ့ အခြေအနေ တွေနဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့သူတွေရဲ့ စျာပန ဒီနေ့ ကျင်းပနေတာတွေကို မဝင်းစန္ဒာဦး ပြောပြပေးပါမယ်။