CRPH က ဖွဲ့တဲ့ အစိုးရ အဖွဲ့မှာ ခေတ္တ ပြည်ထောင်စုဝန်ကြီး လေးယောက် ပါဝင်

ဗီဒီယို ပုံစာ, CRPH က ဖွဲ့တဲ့ အစိုးရ အဖွဲ့မှာ ခေတ္တ ပြည်ထောင်စုဝန်ကြီး လေးယောက် ပါဝင်
ရေးသားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပထမဆုံး အစိုးရ ဖွဲ့လိုက်ပြီး အဲဒီထဲမှာ ခေတ္တ ပြည်ထောင်စုဝန်ကြီး လေးယောက် ပါဝင်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ စီးပွားရေးနဲ့ပတ်သက်တဲ့ ဝန်ကြီးဌာနတွေအတွက် ဦးတင်ထွန်းနိုင်၊ နောက်ပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ကြီးဌာနတွေအတွက် ဒေါက်တာဇော်ဝေစိုးကို ခန့်ထားလိုက်ပါတယ်။

အခုလို အစိုးရအဖွဲ့ တာ၀န်ပေးအပ်မှုတွေနဲ့ပတ်သက်လို့ CRPH ပြောခွင့်ရသူ ဦးလွင်ကိုလတ်က ဘီဘီစီကို ပြောပြထားပါတယ်။