ဆန္ဒပြသူတွေ ဆက်လက် နှိမ်နင်းခံရ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းမှုကို အေးအေး ချမ်းချမ်း ဆန့်ကျင် ကန့်ကွက်တဲ့ လက်နက်မဲ့ ပြည်သူတွေကို မနေ့တုန်းက လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ပစ်ခတ် ဖြိုခွဲခဲ့လို့ အာဏာသိမ်းပြီး နောက်ပိုင်း သေဆုံးမှု အများဆုံး နေ့တနေ့ ဖြစ်ခဲ့အပြီး နောက်တနေ့ ဒီကနေ့မှာလည်း ဆန္ဒပြမှုတွေ နိုင်ငံတဝန်း ပုံစံမျိုးစုံနဲ့ ဆက်ရှိနေကြပါတယ်။
ရဲတွေဘက်ကလည်း ဆက်ပြီး အင်အားသုံး နှိမ်နင်းနေပါတယ်။
ဒီကနေ့ ရန်ကုန်နဲ့ နိုင်ငံတဝန်းက ဆန္ဒပြတဲ့ အခြေအနေတွေကို ကိုနန္ဒက စုစည်းပြောပြပေးပါမယ်။