တပ်မတော်ထောက်ခံသူတွေလမ်းပေါ်ထွက်လာတဲ့နေ့ ဘာတွေ ဖြစ်ခဲ့လဲ

ဗီဒီယို ပုံစာ, တပ်မတော်ထောက်ခံသူတွေလမ်းပေါ်ထွက်လာတဲ့နေ့ ဘာတွေ ဖြစ်ခဲ့လဲ
ရေးသားခဲ့သည်။

ဒီကနေ့ ရန်ကုန်မြို့က လမ်းမကြီးတွေပေါ်မှာ တပ်မတော်ကို ထောက်ခံတဲ့သူတွေ ထွက်လာကြပြီး အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

တပ်မတော်ထောက်ခံသူတွေက ရပ်ကွက်နေ ပြည်သူတွေကို လေးခွတွေ ခဲ တွေ ဆန်ထိုးပိုက်လို ချွန်ထက်တဲ့ လက်နက်တွေ၊ တုတ် ၊ ဓားတွေအသုံးပြုပြီး ရန်ပြုတိုက်ခိုက် ခဲ့ကြလို့ ရန်ကုန် ဘူတာကြီးဝင်းအနီး မီးရထား ဝန်ထမ်းအိမ်ရာက အရပ်သား ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဆူးလေ ရှန်ဂလီလာဟိုတယ်နားမှာ ဓားကိုင်ထားတဲ့ တပ်မတော်ထောက်ခံသူတစ်ယောက် လမ်းသွားလမ်းလာတွေကို ခြိမ်းခြောက်ပြောဆိုပြီး လူတစ်ဦးကို ဓားနဲ့တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

တနေ့တာ ဘာတွေ ဖြစ်ခဲ့ပါသလဲ၊ ဒီကနေ့ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကိုနန္ဒက ပြောပြပေးပါမယ်။