ဖိအားတွေများနေတဲ့ အထူးကြပ်မတ်ကုသဌာနက အခြေအနေ

ဗီဒီယို ပုံစာ, ဖိအားတွေများနေတဲ့ အထူးကြပ်မတ်ကုသဌာနက အခြေအနေ
ရေးသားခဲ့သည်။

ဗြိတိန်နိုင်ငံမှာ ကိုဗစ်နိုင်တင်းဗိုင်းရပ်စ်ကူးစက်တဲ့ လူနာတွေ ပိုများလာနေပြီး ဆေးရုံတွေက အထူးကြပ်မတ် ကုသဆောင်တွေမှာ ထားစရာမရှိတော့တဲ့ အခြေအနေတွေ ဖြစ်နေတဲ့ အတွက် နိုင်ငံရဲ့ NHS ကျန်းမာရေး စောင့်ရှောက်မှု ဌာနကြီးမှာ ဖိအားတွေအကြီးအကျယ် ကျရောက်နေပါတယ်။

ဗြိတိန် တစ်နိုင်ငံလုံးက ဆေးရုံတွေမှာ ကုသပေးနေရတဲ့ ကိုဗစ် လူနာတွေဟာ ကပ်ဘေး စတင်ခဲ့ပြီးနောက် တခါမှ မကြုံဖူးလောက်အောင်ကို ပိုများပါတယ်။

ဘီဘီစီက သွားရောက်ခွင့် ရခဲ့တဲ့ ကိုဗစ်လူနာတွေကို အများဆုံးကုသပေးနေတဲ့ လန်ဒန်မြို့ရဲ့ အကြီးဆုံး အထူးကြပ်မတ် ကုသဆောင်က အခြေအနေကို ကိုထွေးက ပြောပြပေးပါမယ်။