ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းမှာပဲ ဂျိုးဘိုင်ဒန်က မူဝါဒတွေပြောင်းလဲ
ရေးသားခဲ့သည်။
အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ အဖြစ်ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းမှာပဲ ဂျိုးဘိုင်ဒန်က မစ္စတာ ထရန့်လက်ထက်က ထားရှိခဲ့တဲ့ မူဝါဒကြီးတွေကို ပြန်ပြောင်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ဖြေရှင်းရေး၊ ရာသီဥတုဖောက်ပြန်မှု ကိစ္စ၊ လူမျိုးနဲ့ အသားအရောင်ဆိုင်ရာ တရားမမျှတမှု စတဲ့ ကိစ္စတွေမှာ အမိန့် ကြေညာချက်တွေ ထုတ်ပြန် လက်မှတ်ထိုးလိုက်ပါတယ်။
ဒါ့အပြင် WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နဲ့ ရာသီဥတုပြောင်းလဲမှု ကိုင်တွယ် ဆောင်ရွက်ရေး ဆိုင်ရာ ပဲရစ် သဘောတူညီချက်မှာ ပြန်လည် ပါဝင်လိုက် ပါတယ်။
ကိုကျော်ဇေယျပြောပြပေးပါမယ်။