ဗိုင်းရပ်စ် ကူးသူတွေ ရောဂါ တာရှည် ခံစားရနိုင်တယ်ဆိုတဲ့ ရောဂါလက္ခဏာ လေးမျိုး

ဗီဒီယို ပုံစာ, ဗိုင်းရပ်စ် ကူးသူတွေ ရောဂါ တာရှည် ခံစားရနိုင်တယ်ဆိုတဲ့ ရောဂါလက္ခဏာ လေးမျိုး
ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေမှာ ဘယ်လိုလူမျိုးတွေက ရောဂါ တာရှည်ခံစားရသလဲဆိုတာ ဗြိတိန်က သိပ္ပံ ပညာရှင်တွေ လေ့လာ ဆန်းစစ်နေပါတယ်။

လန်ဒန် ကင်းစ် ကောလိပ်နဲ့ ဇိုဝီ ခေါ် ကျန်းမာရေးဆိုင်ရာ ကုမ္ပဏီက သုတေသီတွေက အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ ဗိုင်းရပ်စ် စကူးတဲ့ ပထမတစ်ပတ်မှာ ဖျားနာတဲ့သူတွေဟာ ရောဂါပိုတာရှည်ခံစားရနိုင်ဖွယ် ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ဒါပေမဲ့ အသက်ငယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဘီဘီစီ ကျန်းမာရေးသတင်းထောက် Catherine Burns ရဲ့ သတင်းကို ကိုသိမ်းမြတ်ပြောပြပေးပါမယ်။