ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သိသိသာသာ များလာကို တားဆီးနိုင်ဖို့ ကြိုးပမ်း

ဗီဒီယို ပုံစာ, ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သိသိသာသာ များလာကို တားဆီးနိုင်ဖို့ ကြိုးပမ်း
ရေးသားခဲ့သည်။

ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သိသိသာသာ များလာကို တားဆီးနိုင်ဖို့ နိုင်ငံအတော်များများမှာ ပိုမိုကြိုးပမ်းဆောင်ရွက်လာကြပါတယ်။

ပြင်သစ်နိုင်ငံမှာ ပဲရစ်မြို့တော်နဲ့ တခြားမြို့ကြီး ၈ မြို့မှာ ညမထွက်ရ စည်းကမ်းထုတ်ပြန်လိုက်ပါတယ်။

ဂျာမနီမှာလည်း အရက်ဘားတွေ စောစောပိတ်ရမှာဖြစ်ပြီး ကူးစက်မှု များပြားတဲ့ နေရာတွေမှာ လူစုနိုင်ခွင့်ရှိတဲ့ အရေအတွက်ကို ကန့်သတ်မှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ နေထိုင်တဲ့ သန်းနဲ့ချီတဲ့သူတွေလည်း တခြားအိမ်ထောင်စုတွေနဲ့ ကိုယ့်အိမ်ထဲမှာ ဆုံတာကို တားမြစ်တာ အပါအ၀င် စနေနေ့က စပြီး ပိုမိုတင်းကျပ်တဲ့ စည်းကမ်းတွေ အောက်မှာ နေကြရပါတော့မယ်။

ဒီအကြောင်း အပြည့်အစုံကို ကိုကျော်ဇေယျ ပြောပြပေးပါ့မယ်။