ပစ်မှတ်ထား လုပ်ကြံခံနေရတဲ့ အာဖဂန် အမျိုးသမီးတွေ အနာဂတ်
ရေးသားခဲ့သည်။
အာဖဂန် အရာရှိတွေနဲ့ တာလီဘန်တို့ကြား ပထမဆုံးအကြိမ် တရားဝင် ဆွေးနွေးပွဲတွေ လာမယ့် ရက်ပိုင်းအတွင်းမှာ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမဲ့ ဒီစေ့စပ်ညှိနှိုင်းပွဲတွေ ဆီ ဦးတည်လာနေချိန် တစ်လျှောက်လုံးမှာ တိုက်ခိုက်မှုတွေကလည်း ဆက်ဖြစ်နေပါတယ်။
ကာဘူးလ်မြို့တော်မှာ ပြုလုပ်လာတဲ့ ပစ်မှတ်ထားလုပ်ကြံမှု ပုံစံသစ်ကတော့ နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။
ပစ်မှတ်ထားခံရသူတွေထဲမှာ ထင်ရှားတဲ့ အမျိုးသမီးတွေ တော်တော်များများ ပါဝင်နေတဲ့ အတွက် လာမယ့် ငြိမ်းချမ်းရေး ဖြစ်စဥ်မှာ အာဖဂန်နစ္စတန် နိုင်ငံအတွင်း အခြေမခိုင်သေးတဲ့ အမျိုးသမီးအခွင့်အရေး တိုးတက်မှုလေး နောက်ပြန်ဆုတ် သွားမှာကို စိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။
ကိုရင်မောင်ပြောပြပေးပါမယ်။