အသက် ၁၄ နှစ်သာ ရှိသေးတဲ့ ယူကေရဲ့ အသက်အငယ်ဆုံး လေယာဉ်မှူးလေး

ဗီဒီယို ပုံစာ, အသက် ၁၄ နှစ်သာ ရှိသေးတဲ့ ယူကေရဲ့ အသက်အငယ်ဆုံး လေယာဉ်မှူးလေး
ရေးသားခဲ့သည်။

လေယာဉ်ပျံကြီးတွေ မောင်းချင်တဲ့ ဂျက် ဂျန်နာ ဟောလ် ဆိုတဲ့ လူငယ်လေးက အပျော်စီး လေယာဉ်အသင်းမှာ အသက် ၁၁ နှစ်က စပြီး လေယာဉ်မောင်းခဲ့ပါတယ်။

အခုတော့ သူက မြေပြင်အထက် ပေ သုံးထောင် အမြင့် ဝေဟင်ထဲမှာ ၄၅ မိနစ်ကြာအောင် လေယာဉ်မောင်းနိုင်ခဲ့ပြီးနောက်မှာ ယူကေရဲ့ အသက်အငယ်ဆုံး လေယာဉ်မှူးလေး ဖြစ်လာပါပြီ။

ဂျက် ကိုယ်တိုင်ပြောပြတဲ့ သူ့ရည်မှန်းချက်တွေ အကြောင်း ရှုစားနိုင်ပါပြီ။