ရုရှားနိုင်ငံက သြဂုတ်လမှာ ကာကွယ်ဆေး ထုတ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်ပြီလို့ ပြော
ရေးသားခဲ့သည်။
ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်မယ့် ကာကွယ်ဆေး ဘယ်သူက ပထမဆုံး ထုတ်နိုင်မလဲ ဆိုတာ အာကာသ စူးစမ်းယှဉ်ပြိုင်မှုလို စပြီးခံစားလာကြရပါပြီ။
အမေရိကန်၊ ယူကေ၊ တရုတ်နိုင်ငံ အပါအဝင် တခြားနိုင်ငံတွေထက် အများကြီး ရှေ့ကပြေးနေပုံ ရတဲ့ ရုရှားနိုင်ငံကတော့ သြဂုတ်လမှာ ကာကွယ်ဆေး ထုတ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ရုရှား အစိုးရက ပြောနေပါတယ်။
လူတွေအန္တရာယ်ကင်းကင်း သုံးနိုင်မယ့် စမ်းသပ်မှုတွေကတော့ အကန့်အသတ်နဲ့သာ ရှိနေတဲ့ အကြောင်း ကိုတင်အောင်ကျော် ပြောပြပေးပါမယ်။