ဝီဂါတွေအပေါ် တရုတ် လူ့အခွင့်ရေး ချိုးဖောက်နေလို့ ဗြိတိန်စွပ်စွဲ

ဗီဒီယို ပုံစာ, ဝီဂါတွေအပေါ် တရုတ် လူ့အခွင့်ရေး ချိုးဖောက်နေလို့ ဗြိတိန်စွပ်စွဲ
ရေးသားခဲ့သည်။

တရုတ်ပြည် အနောက်ပိုင်းမှာ ဝီဂါအမျိုးသမီးတွေကို သားဆက်ခြားဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ယူကေဆိုင်ရာ တရုတ်သံအမတ်ကြီးက ငြင်းဆိုလိုက်ပါတယ်။

သတင်းတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေမှာ တရုတ်ဟာ ရှင်ကျန်းပြည်နယ်အတွင်းက ဝီဂါလူဦးရေကို လျှော့ချဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ စွပ်စွဲထားပါတယ်။ နှစ်နိုင်ငံ သံတမန်ရေး တင်းမာနေချိန်မှာ အခုလို ပြောလိုက်တာဖြစ်ပြီး တရုတ်ကတော့ ဒါတွေကို ငြင်းဆိုထားပါတယ်။ မရီရီအောင်က ပြောပြမှာပါ။