သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမှာ ဒုတိယ အကြိမ် ကန့်သတ်ပိတ်ပင်မှုတွေ ပြန်ချမှတ်
ရေးသားခဲ့သည်။
သြစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ မဲလ်ဘုန်း မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ ထိုးတက်လာခဲ့ပြီးနောက် ဒုတိယ အကြိမ် အသွားအလာ ကန့်သတ်မှုတွေ လုပ်လိုက်ပါတယ်။
လူဦးရေ ငါးသန်း ရှိတဲ့ မဲလ်ဘုန်း မြို့ခံတွေကိုလည်း မဖြစ်မနေ ကိစ္စကလွဲရင် သီတင်းခြောက်ပတ်ကြာ အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့ တားမြစ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း ကူးစက်သူ ၁၆၅ ယောက် ရှိတယ်လို့ သိရပါတယ်။
လေးရက် ဆက်တိုက် ကူးစက်သူ နေ့စဉ် တစ်ရာကျော် ဖြစ်နေပါတယ်။
အပြည့်အစုံကို ကိုဇေယျာက ပြောပြပေးပါမယ်။