သီချင်းဆိုတာက စကားပြောတာထက် ဗိုင်းရပ်စ် ပိုပြန့်နိုင်သလား
ရေးသားခဲ့သည်။
အင်္ဂလန်မှာ အရက်ဘားတွေ၊ ပြတိုက်နဲ့ အနုပညာပြခန်းတွေ အားလုံး ပြန်ဖွင့်ဖို့ ပြင်နေကြပါပြီ။
ဒါပေမဲ့ ခွင့်ပြုဖို့ ကျန်နေသေးတာက အုပ်စုလိုက် သီချင်းဆိုတာပါ။ သံပြိုင်တေးအဖွဲ့ အတော်များများမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိခဲ့လို့ အုပ်စုလိုက် သီချင်းဆိုတာကို လုံးဝ တားမြစ် ထားခဲ့ပါတယ်။
အခုတော့ ယူကေ အစိုးရက သီချင်းဆိုတာဟာ တကယ်ပဲ စကားပြောတာထက် ဗိုင်းရပ်စ် ကူးနိုင်တဲ့ အန္တရယ် ပိုကြီးလား ဆိုတာ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။
ဘီဘီစီ အနုပညာ သတင်းထောက် David Sillito ရဲ့ သတင်းကို ကိုရင်မောင် ပြန်ပြောပြပါမယ်။