Fever Clinic မှာသုံးနိုင်တဲ့ လူနဲ့ ထိတွေ့မှု မရှိဘဲ ကိုယ်အပူချိန် တိုင်းလို့ရတဲ့စက်
ရေးသားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် တီထွင်ဖန်တီးမှုတွေ ပြည်တွင်းမှာ ထုတ်လုပ်လာနေကြရာမှာ Fever Clinic တွေမှာ သုံးနိုင်မယ့် လူ ပါဝင်စရာ မလို၊ ထိတွေ့မှု မရှိဘဲ ကိုယ် အပူချိန် တိုင်းလို့လည်းရ၊ လက်လည်း ဆေးလို့ ရတဲ့ စက်တခုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
ဒီစက်ကို သုံးနေပြီ ဖြစ်တဲ့ တောင်ဥက္ကလာပ Fever Clinic ကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့တဲ့ ဘီဘီစီသတင်းထောက် မဝင်းစန္ဒာဦး က ဆက် ပြောပြမှာပါ။