မွမ်ဘိုင်းမှာ ကူးစက်သူအရေအတွက် တရုတ်နိုင်ငံ ဝူဟန်ထက် ကျော်သွား
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ ဇူလိုင်လကုန်အထိဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ငါးသိန်းကျော်သွားနိုင်တယ်လို့ အဲဒီပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
လောလောဆယ်မှာ ကိုဗစ်နိုင်တင်း ကူးစက်မှု အဆိုးဆုံး မွမ်ဘိုင်းမြို့မှာ ကူးစက်သူအရေအတွက်က ဗိုင်းရပ်စ်စတင်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ထက်ကျော်သွားပါပြီ။
ဆေးရုံတွေလည်း မနိုင်မနင်းဖြစ်နေလို့ လူအတော်များများ အသက်သေဆုံးရမယ့် အခြေအနေဖြစ်နေတဲ့ အကြောင်း မသီဒါနွယ်ပြောပြပေးပါမယ်။