တစ်နေ့ လုပ်ခ ငွေ ၄၈၀၀ ကျပ်နဲ့ အခြေခံ လုပ်သား တွေ ဘယ်လို ရှင်သန် အသက်မွေးနေပါသလဲ။
ရေးသားခဲ့သည်။
မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေခံ လုပ်ခဟာ တရက်ကို ၄၈၀၀ ကျပ်ပါ၊
အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို သုံးသပ်ပြင်ဆင်ဖို့ရှိရာမှာ ကိုဗစ်ရောဂါ ကပ်ဘေးကြောင့် အခု မေလ ထဲမှာ ပြင်ဆင်ဖို့ စီစဉ်ထားတာကလည်း မရေမရာ ဖြစ်နေပါတယ်။
တစ်နေ့ လုပ်ခ ငွေ ၄၈၀၀ နဲ့ အခြေခံ လုပ်သား တွေ ဘယ်လို ရှင်သန် အသက်မွေးနေပါသလဲ။
ရန်ကုန်က ဘီဘီစီ သတင်းထောက် မဝင်းစန္ဒာဦးက ကိုဗစ် ကပ်ရောဂါ မဖြစ်ခင် လေးတင်ကပဲ ရန်ကုန်က လှိုင်သာယာ စက်မှုဇုံမှာ ကွင်းဆင်းလေ့လာပြီး သတင်း ပေးပို့ထားပါတယ်။