ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်ပိုကြိုးစာလာ

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်ပိုကြိုးစာလာ
ရေးသားခဲ့သည်။

တရုတ်ပြည်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ပိုကြိုးစားလာနေကြပါတယ်။ ရောဂါ စတင်တွေ့ရှိခဲ့ကြတဲ့ ဟူဘေ ပြည်နယ်ကို ကျန်းမာရေး ဝန်ထမ်း ၅ သိန်းလောက်ကို စေလွှတ် တာဝန်ချထားလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ကြောင့် လူပေါင်း ၈၀ ကျော် သေဆုံး ခဲ့ရပြီး ဖြစ်သလို နောက်ထပ် လူ ၄၅၀ ကျော်ဟာလည်း အဆုတ်ရောင် ရောဂါနဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မီဒီယာတွေမှာ ဆိုပါတယ်။

မသီဒါနွယ်က ပြောပြပေးမှာပါ။