တရုတ် ဗိုင်းရပ်စ်ပိုးသစ် လူအချင်းချင်း ကူးစက်နိုင်
ရေးသားခဲ့သည်။
တရုတ်ပြည်မှာ ကူးစက် ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးသစ် တမျိုးဟာ လူအချင်းချင်းလည်း ကူးစက်နိုင်တာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ လတ်တလောမှာ လူ ၃၀၀ နီးပါး ကူးစက်ခံထားရပြီး အဲဒီ ဗိုင်းရပ်စ် ကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဝေဒနာတွေကို ခံစားရတာ ဖြစ်ပါတယ်။ နိုင်ငံပိုင် မီဒီယာကတော့ လူ ၆ ယောက် သေဆုံး ပြီး ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ ဗိုင်းရပ်စ်ကူးစက်ခံထားရမှုတွေကို ဂျပန်၊ ထိုင်းနဲ့ တောင်ကိုရီးယားတို့မှာလည်း တွေ့ရှိထားတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဒါနဲ့ ပတ်သက်လို့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ အရေးပေါ် အစည်းအဝေးတခု ကျင်းပဖို့ ရှိပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။